လွှတ်တော်များစတင်ရန် စစ်ကော်မရှင်ကြေညာ၍ အစိုးရသစ်ဖွဲ့စည်းရေး ခြေလှမ်းပြင်

မောင်ခက်နွေ

မဇ္ဈိမ။ ။စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို လာမည့် မတ်လအတွင်း နေပြည်တော်၌ စတင်ကျင်းပတော့မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ယနေ့(ဖေဖော်ဝါရီ ၂၃)တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်အရ စစ်ကော်မရှင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)က ၂၀၂၆၊ မတ်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် မတ်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပမည်ဟု ဆိုသည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82896

Comments

Be the first to add a comment