Mizzima
အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေနံတင်သင်္ဘောများကို အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှ ထိန်းချုပ်ထားသော ကျဉ်းမြောင်းသည့် ရေလမ်းကြောင်းအသစ်မှ အတင်းအကျပ် ဖြတ်သန်းခိုင်းနေပြီး သင်္ဘောအချို့သည် ဖြတ်သန်းခအတွက် ဒေါ်လာသန်းနှင့်ချီ၍ ပေးဆောင်နေရကြောင်း NBC News က ဖော်ပြသည်။
Lloyd’s List ၏ ခြေရာခံမှတ်တမ်းများအရ မတ်လ ၁၃ ရက်နေ့မှစ၍ အနည်းဆုံး သင်္ဘော ၂၅ စီးခန့်သည် အဆိုပါ လမ်းကြောင်းသစ်ကို အသုံးပြုခဲ့ကြသည်။ ထိုလမ်းကြောင်းသည် ဘန်ဒါအဘတ်စ်ဆိပ်ကမ်းရှိ အီရန်၏ အဓိကရေတပ်စခန်းနှင့် မိုင် ၂၀ အကွာအဝေးအတွင်း၌သာ ရှိပြီး သင်္ဘောများထဲတွင် မတ်လ ၂၃ ရက်နေ့က ဖြတ်သန်းခဲ့သည့် Bright Gold အမည်ရှိ တရုတ်ရေနံတင်သင်္ဘောတစီးလည်း ပါဝင်ခဲ့သည်။
အဆိုပါ လမ်းဖြတ်သန်းခကောက်ခံမှုကို တရားဝင်ဖြစ်စေရန် အီရန်လွှတ်တော်က ဥပဒေကြမ်းတရပ် ပြင်ဆင်နေကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများကလည်း ဖော်ပြထားကြသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ဟော်မုဇ်ရေလက်ကြား
#ရေနံတင်သင်္ဘော
#တီဟီရန်အကောက်ဂိတ်
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
Comments
Be the first to add a comment