ဖမ်းဆီးခံရသည့် ရဲဘော်များအရေး MOD စစ်ရုံးချုပ်နှင့် တိုက်ရိုက်ဆွေးနွေးနေဟု SRA ဆို

ပါခွီး

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ်(၁) စစ်ဒေသမှ ဖမ်းဆီးထားသည့် ရဲဘော်များအတွက် ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်နှင့် တိုက်ရိုက်ဆွေးနွေးနေကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်သူတဦးဖြစ်သူ မောင်ဆောင်းခ က ၎င်း၏ လူမှုကွန်ရက်တွင်ရေးသည်။

“ကျနော်တို့ SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်၊ သူတို့ဘက်က အကောင်းဆုံးဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ (မတ်လ ၇ရက်) နေလယ်ပိုင်းတွင်ရေးသားထားခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အဖွဲ့ဝင်ဖြစ်သော တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) မှ ဦးစီးခေါင်းဆောင်ဖြစ်သော ကိုဇီးကွက်အပါဝင် ရဲဘော် ငါးဦးသည် အမှတ်(၁)စစ်ဒေသအတွင်း မတ်လ ၆ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးနေခြင်းဖြစ်သည်။

“ဖြေရှင်းလိုတဲ့ ဆန္ဒကိုယ်စီရှိရင် ပြဿနာတွေကပြေလည်နိုင်ပါတယ်၊ ကျနော်တို့ SRA ဖွဲ့စည်းပြီးကတည်းက အဖွဲ့ပေါင်းစုံရဲ့…

Comments

Be the first to add a comment