ရုရှားသည် စီးပွားရေးနှင့် လူအင်အားဖြည့်တင်းမှုဆိုင်ရာ ဖိအားများ ကြုံတွေ့နေရလင့်ကစား ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ၂၀၂၆ ခုနှစ် တလျောက်လုံး ဆက်တိုက်နိုင်စွမ်း ရှိလိမ့်မည်ဖြစ် ကြောင်းနှင့် တချိန်တည်းတွင် ဥရောပအပေါ် ယင်း၏ ဒုံးကျည်နှင့် ဒရုန်း ခြိမ်းခြောက်မှု အန္တရာယ်ကလည်း ကြီးထွားလာကြောင်း ဦးဆောင် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့တခုက သုံးသပ်ပြောကြား သည်။

"ယူကရိန်းစစ်ပွဲကို ငါးနှစ်မြောက်အထိ ဆက်တိုက်နိုင်သည့် ရုရှား၏ လုပ်နိုင်စွမ်း ဆုတ်ယုတ်လျော့ နည်းလာသည်ဆိုသည့် အထောက်အထား များများစားစား မရှိ" ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့ လာမှုဆိုင်ရာ အင်စတီကျုမှ ညွှန်ကြားရေးမှူးချုပ် ဘက်စတီယန် ဂီဂျာရစ်ချ်က ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83050

#ရုရှား
#ယူကရိန်းစစ်ပွဲ
#ဆက်တိုက်နိုင်စွမ်းရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment