(မဇ္ဈိမ) ။ ။ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်သည့် ကဘော်ချိုင့်ဝှမ်းဒေသကိစ္စက နှစ်နိုင်ငံဆက်ဆံရေးတွင် အရိပ်မည်းများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။
ယမန်နေ့ (မတ်လ ၁၂ ရက်) ညတွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးလိုင်းဖြစ်သည့် မြဝတီရုပ်သံမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အိန္ဒိယနိုင်ငံရေးသမားအချို့၏ လှုပ်ရှားမှုများသည် နိုင်ငံရေးအကျိုးစီးပွားတခုတည်းကို ဦးတည်နေပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းသည် အိန္ဒိယဘက်က ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ရန် တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုအငြင်းပွားမှု အစပျိုးချက်က မတ်လ ၁၀ ရက်နေ့က အိန္ဒိယအထက်လွှတ်တော်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များ လွတ်လပ်စွာ မေးမြန်းခွင့်ရသည့် “Zero Hour” အချိန်အတွင်း ဟိန္ဒူအမျိုးသားရေးပါတီ (BJP) က မဏိပူရအမတ် ဆာနာဂျိုဘာက ရန္တပိုစာချုပ် (၁၈၂၆) နှင့် ကဘော်တောင်ကြားစာချုပ် (၁၈၃၄) ကို အထောက်အထားအဖြစ် ကိုးကားပြီး ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယထံ ပြန်အပ်ရန် သို့မဟုတ် Read more:
https://bur.mizzima.com/2025/03/13/49158