(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် ရဲတပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column (RUC) စစ်ကြောင်းတာဝန်ခံ ရဲခေါင်က မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) ည ၈ နာရီ ၄ မိနစ်အချိန်က အင်းစိန် CID ရုံး ကင်းတဲနေရာအနီးတွင် မိုင်းအသေးသုံးလုံးကို တလုံးတည်းအဖြစ် ပေါင်းစည်းထားသည့် အဝေးထိန်းမိုင်းအကြီးတလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကင်းစောင့်နေသူတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း RUC က ဆိုသည်။

"ထိခိုက်မှုက တယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အဲ့ဒီကင်းကျတဲ့ကောင်တွေကတော့ လွတ်မယ်မထင်ဘူး။ ယမ်းက တော်တော်လေး ပြင်းတယ်" ဟု ရဲခေါင်က ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူတဦးကလည်း "မနေ့ကတော့ ပေါက်ကွဲသံကြားတယ်၊ တချက်ပါပဲ။ တော်တော်တော့ကျယ်တယ်။ ထိခိုက်တာတော့ မသိရဘူးဗျ။ ကြည့်ရတာ သူတို့ သတင်းဖုံးထားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုတွေကတော့ ပုံမှန်လည်း သူတို့က အုပ်စုဖွဲ့ပြီး လမ်းထောင့်တွေမှာ နေနေတာတို့ မထင်ရင် မထင်သလို ... Read more: https://bur.mizzima.com/2025/03/20/49947

Comments

Be the first to add a comment