လူဦးရေ ၆ ဒသမ ၄ သန်းသာရှိပြီး ပင်လယ် ထွက်ပေါက်မရှိသော ပါရာဂွေးသည် တောင်အမေရိကတွင် ထိုင်ဝမ်၏ နောက်ဆုံး သံခင်းတမန်ခင်း မဟာမိတ် ဖြစ်သည်။ ထိုင်ဝမ်ကို အသိအမှတ်ပြုထားဆဲ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံထဲမှ တနိုင်ငံဖြစ်သည့် ပါရာဂွေးကသာ တရုတ်ဆီ ဘက်ပြောင်းသွားပါက ထိုင်ဝမ်ကို အထီးကျန်ဖြစ်အောင် လုပ်ဆောင်နေသော တရုတ်အတွက် အထိမ်းအမှတ်ဖြစ်မည့် အောင်ပွဲတရပ်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။

တရုတ်၏ ကြိုးပမ်းမှုများက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လိုပင် ဧရာမအင်အားကြီးနိုင်ငံ ဖြစ်လာရေးကို သန္နိဋ္ဌာန်ချထားပြီး လက်တင်အမေရိကဒေသတွင် ၎င်း၏ သြဇာအာဏာကို ပိုမို ခိုင်မာအောင် တည်ဆောက်လိုသည့် ရည်ရွယ်ချက်ကို ပြသနေခြင်းလည်း ဖြစ်သည်။

ပါရာဂွေးအပေါ် တရတ်၏ ချဉ်းကပ်မှုမှာ ဒေသတွင်း တွေ့မြင်နေကြ လမ်းကြောင်းဟောင်အတိုင်းပင် ဖြစ်သည်။ ပနားမား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အယ်လ်ဆာဗေဒို၊ နီကာရာဂွာနှင့် လတ်တလောတွင် ဟွန်ဒူးရပ်စ်နိုင်ငံများက တရုတ်၏ ကာလရှည် စည်းရုံးမှုနှင့် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ကတိကဝတ်များတွင် ပျော်ဝင်ကာ နောက်ဆုံး၌ တရုတ်ကို အသိအမှတ်ပြုကြတော့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။…

Comments

Be the first to add a comment