အီရန်အနေဖြင့် ဒေသတွင်း စွမ်းအင်စက်ရုံများအပေါ် တိုက်ခိုက်မှုကို ရပ်တန့်ရန်၊ မရပ်တန့်ပါက အမေရိကန်စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး "ရေရှည်သက်ရောက်မှုများ" ရှိလာလိမ့်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

"အစ္စရေးရဲ့ အကူအညီ ဒါမှမဟုတ် သဘောတူညီချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အမေရိကန်ဟာ South Pars ဓာတ်ငွေ့သိုက်တခုလုံးကို အီရန်တခါမှ မမြင်ဖူး၊ မကြုံဖူးတဲ့ အင်အားမျိုးနဲ့ အကြီး အကျယ် ဖောက်ခွဲဖျက်ဆီးပစ်ပါမယ်။ အီရန်ရဲ့ အနာဂတ်အပေါ် ရေရှည်သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီလောက်အထိ ပြင်းထန်တဲ့ ဖျက်ဆီးမှုမျိုးကို ကျွန်တော် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ကာတာရဲ့ LNG လုပ်ငန်းတွေ ထပ်ပြီး တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ကျွန်တော် ဒါကိုလုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။" ဟု ထရမ့်က ရေးသားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကာတာ
#LNG
#အီရန်
#အကြီးဆုံး
#သဘာဝဓာတ်ငွေ့သိုက်
#ဖောက်ခွဲပစ်
#ထရမ့်
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------

Comments

Be the first to add a comment