ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းသည် မတ်လတွင် ဒေါ်လာ ၈၀ ဝန်းကျင်နှင့် ဒုတိယသုံးလပတ်တွင် ဒေါ်လာ ၇၀ အထက်တွင် ရှိနေမည်ဟု တွက်ချက်ထားသော်လည်း ယခုအခါ ထိုခန့်မှန်းချက်ထက် ပိုမိုမြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။
"ဟော်မုဇ်ရေလက်ကြားက ရေနံတင်ပို့မှုတွေ မတ်လ တလလုံးဆက်ပြီး ရပ်တန့်နေမယ်ဆိုရင် ရေနံဈေးနှုန်းတွေ၊ အထူးသဖြင့် ဆီဈေးနှုန်းတွေဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်က အမြင့်ဆုံးစံချိန်တွေကိုတောင် ကျော်လွန်သွားနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု Goldman Sachs ဘဏ်က ပြောသည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားမှ တရက်လျှင် ပျမ်းမျှရေနံစီးဆင်းမှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း Goldman Sachs က ခန့်မှန်းထားသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/08/84230#ဟော်မုဇ်ရေလက်ကြား
#ရေနံဈေး
#Goldman_Sachs
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews