ဂျက်ကီချမ်းကား / ဂျက်လီကားများ / ဂျက်မကားများ
အိန္ဒိယဘရုစ်လီ(သို့မဟုတ်)အချစ်ကြီးတဲ့သိုင်းသမား
Baaghi(2016)
📱
━━━━━━━━━━━━━━━━━━
___
ခပ်ဆိုးဆိုး ခပ်ပေပေ ဘဝကိုဦးတည်ချက်မရှိဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက
သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကိုလွှတ်ရင်း စာလေးတစ်ရေးပြီးအကူအညီတောင်းခဲ့တယ် သူ့သားဘဝကိုတည့်မတ်ပေးပါပေါ့
သိုင်းသင်တန်းကျောင်းမှာအောက်ခြေသိမ်းလုပ်ရင်း
မိုးစက်တွေကိုချစ်တတ်တဲ့ကောင်မလေးကိုထပ်တွေ့ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ် ဗီဇဆိုးတွေကိန်းအောင်နေတဲ့သိုင်းဆရာကြီးရဲ့သားဟာ
အဲ့ဒီကောင်မလေးကို ချစ်ခဲ့တယ် ငွေ အာဏာ အရည်အချင်းတွေမယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ် သိုင်းဆရာကြီးခိုင်းတဲ့
အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကိုကောင်လေးသိသွားခဲ့ရတယ် ဒီလိုနဲ့ဆရာကိုလေးစားရင်း သိုင်းပညာတွေလည်း ဆက်သင်ရင်း ကောင်မလေးနဲ့
ဘဝတစ်ခုဖြတ်သမ်းမယ်လို့ ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေရှိလာခဲ့တယ်
သိုင်းဆရာကြီးရဲ့သားဟာ အချစ်ကို နှလုံးသားနဲ့အနိုင်ယူလို့မရမှန်းသိတော့ အာဏာ ငွေကြေးနဲ့သိမ်းပိုက်ဖို့
ကြိုးစားရင် နောက်ဆုံးပြန်ပေးဆွဲ မလုပ်သင့်တာတွေကိုလုပ်တဲ့အထိဖြစ်လာတယ်
ဒီကားအကြောင်းကိုဆက်ပြောရရင် အိန္ဒိယအက်ရှင်ကားတွေထဲကတမူကွဲထွက်လာတဲ့ကားလို့ဆိုချင်ပါတယ် လက်နဲ့ရွယ်လိုက်ရုံနဲ့ ၆ပေလောက်လွင့်သွားတဲ့ ကားမျိုးမဟုတ်ပါဘူး အိန္ဒိယသိုင်းကား
ဒါရိုက်တာ ဆတ်ဘာခမ်က သိုင်းကွက်တွေ ခြေအနှုတ်အသိမ်း အကန်ခံရတာတွေ အားလုံးကိုအနုစိတ်ရိုက်ကူးထားတယ် သိုင်းသမားဟန် လှုပ်ရှားကွက်တွေ defenceအကွက်တွေအတော်လေးကို
လှပါတယ် မင်းသား Tiger Shroffက ပင်ပန်းကြမ်းတမ်းစွာ သရုပ်ဆောင်ခဲ့တယ် သူ့ရဲ့ကြိုးစားမှုတွေကတော့အသိအမှတ်ပြုရမှာဖြစ်ပါတယ် အိန္ဒိယအလှအပရှုခင်းတွေ တွေ့ရမှာဖြစ်သလို ဗန်ကောက်
မှာပြန်ပေးဆွဲထားတော့ ထိုင်းရဲ့အလှအပရှုခင်းတွေလည်းခံစားရမှာဖြစ်ပါတယ် ရိုက်ကူးစဉ် ရူပီသန်း၃၅ဝတောင်ကုန်ကျခဲ့ပေမဲ့ ဝင်ငွေ ၁.၂ကုဋေထိအောင်မြင်မှုရခဲ့တဲ့ action, romanceကားလေး
ခံစားလိုက်ပါဦးလို့
ကြည့်ရန်
🔽
🔽
https://t.me/IndianSeriesMmSub/1489
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
https://t.me/addlist/fK1TGyQZgBdkODQ9
Comments
Be the first to add a comment