ဖမ်းဆီးခံရမှုများ၍ ထိုင်းကုန်ပစ္စည်းများ ဘားအံ- မြဝတီလမ်းကြောင်းပေါ်၌ ကာလရှည် သောင်တင်

YT

မဇ္ဈိမ။ ။ ထိုင်း- ကရင် နယ်စပ်ဘက်မှတဆင့် ပြည်တွင်းသို့ တင်သွင်းသည့် ထိုင်းကုန်စည်များ ဖမ်းဆီးခံရမှုများ၍ ကုန်ပစ္စည်းများများ တင်သွင်းနိုင်ခြင်းမရှိဘဲ ကားလမ်းတလျှောက်နှင့် ဘားအံမြို့နယ်အတွင်း သောင်တင်နေသည်ဟု ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များက ပြောသည်။

“ ကြာပြီလေ ပိတ်နေတာ လနဲ့ချီနေပြီ။ နှစ်လ သုံးလလောက်ရှိနေပြီ။ ပို့ဆောင်ရေးစရိတ်က ပစ္စည်းတန်ဖိုးထက် မြင့်နေတာဆိုတော့ ခုကရပ်ထားရသလိုဖြစ်နေပြီ။ မြဝတီ ရန်ကုန် ကားခတင် တတန်ကို သိန်း၁၀၀ ဆိုတော့ သယ်လို့မကိုက်တော့ဘူး။ ထိုင်းဘက်က ကမ်းကူးတာက ပြဿနာမရှိဘူး။ ပြည်တွင်းသယ်တာမှာပဲ ဖြစ်နေတာ” ဟု ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈ်ိမကိုပြောသည်။

တရားမဝင် နယ်စပ်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု ထိန်းချုပ်ရေးဟုဆိုကာ နယ်စပ်လမ်းကြောင်းများမှ ကုန်သွယ်ခွင့်များကို တစတစ ပိုမိုတင်းကျပ် ပိတ်ပင်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင် (ဂျူတီ) မကျထားသည့် (တရားမဝင်…

Comments

Be the first to add a comment