Mizzima
အဂတိလိုက်စားမှုကို အရေးယူရန် တာဝန်ပေးထားသော CCDI မှာ ပါတီ၏ အခက်အလက်တခုသာ ဖြစ်နေပြီး ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီနှင့် ရှီကျင့်ဖျင်ထံ တိုက်ရိုက် အစီရင်ခံရသည်။ CCDI ကိုယ်တိုင်၌ တရားစီရင်ပိုင်ခွင့် အာဏာမရှိပေ။ အမျိုးသား ကြီးကြပ်မှု ဥပဒေအရ ဖော်ဆောင်ထားသော 'လျူကျိ' (liuzhi) ယန္တရား (အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး) အရ အရေးယူမည့်သူကို ခေါ်ယူထိန်းသိမ်းခြင်းအား တရားစွဲဆိုခြင်း မရှိဘဲ၊ ရှေ့နေရှေ့ရပ်နှင့် တိုင်ပင်ခွင့် မရှိဘဲ၊ စောင့်ကြည့်စစ်ဆေးမှု မရှိဘဲ လပေါင်းများစွာ ချုပ်နှောင်ထားခွင့် ပြုထားသည်။ ထို ယန္တရားဖြင့် စစ်ဆေးမှုများတွင် ဝန်ခံမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ ဖြစ်သည်။ ၂၀၁၇ မှစကာ CCDI ၏ အတွင်းရေးမှူးကိုယ်တိုင်မှာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်လာ၍ CCDI သည် နိုင်ငံရေး ဩဇာလွှမ်းမိုးမှုမှ ကင်းလွတ်သည်ဆိုခြင်းမှာ သီအိုရီအရသာ ရှိတော့သည်။
အဂတိ တိုက်ဖျက်ရေး၌ ထောက်တိုင်ပြုထားသော ကိုယ်ကျင့်တရားဆိုင်ရာ အာဏာစက်မှာ ၂၀၂၅ မတ်လ၌ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ လျှို့ဝှက်အဆင့် လျှော့ချပြီး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကြောင့် ပိုမို ပျက်စီးသွားခဲ့သည်။…
Comments
Be the first to add a comment