လည်ဆွဲကျိန်စာ 🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
ကြောက်ဖို့ကောင်းတဲ့ သရဲဇာတ်ကား ကြည့်ချင်တယ်၊ အထူးသဖြင့် မကောင်းသောစွမ်းအင်၊ သည်းထိတ်ရင်ဖို အနုဇာတ်အနဲ့ဆင်တဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် ဒီဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း Horror Genre နဲ့အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစုတစ်စုမှာ ဖခင်င်္လုပ်သူ ဖရန့်ခ် က ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာ က ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာ မနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ် နဲ့ သမီးအငယ် အယ်လင် ကတော့ မိခင်ဖြစ်သူနဲ့အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ် က သက်သေခံပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသားအမှုမို့ ပြဿနာတက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာ ကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာ က လက်မခံဘဲ ဒီလည်ဆွဲကိုအမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင် က ကောက်ယူထားလိုက်ပါတယ်။ အဲ့ဒီကနေစပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ် မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲ။
ကြည့်ရန်🔽⬇️
https://t.me/c/3361457401/67

ချန်နယ်အရင်Joinပါ
🔽⬇️
https://t.me/+qw1ZYAEVAm8yZTBl

Comments

Be the first to add a comment