မန်ချက်စတာယူနိုက်တက် အမှုဆောင်အရာရှိချုပ်အို အိုမာ ဘာရာဒါ က ကလပ်အသင်း “ကွင်းပြင်ပ ပြုပြင်ပြောင်းလဲမှုတွေ” ရဲ့ အကျိုးကျေးဇူးကြောင့် ဘဏ္ဍာရေး စွမ်းဆောင်ရည် တိုးတက်လာတာကို လက်တွေ့ မြင်တွေ့နေရပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အသင်းရဲ့ ကြွေးမြီကတော့ ပေါင် ၁ ဒသမ ၃ ဘီလီယံ နားကို ကပ်လာနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်လတာကာလအတွက် လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ ပေါင် ၃၂ ဒသမ ၆ သန်း ရရှိခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၂ လက အလားတူကာလမှာ ပေါင် ၃ ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး ကွာခြားသွားတာပါ။
ဒါပေမဲ့ ယူနိုက်တက်ဟာ ကာလတိုချေးငွေစနစ်ကနေ ပေါင် ၂၅ သန်း ထပ်ထုတ်ခဲ့တာကြောင့် အဲဒီချေးငွေက ပေါင် ၂၉၅ ဒသမ ၇ သန်းအထိ ရှိလာပါတယ်။ Read more:
https://bur.mizzima.com/2026/02/26/83164