မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) တပ်များ မန္တလေးတွင် နောက်ဆုံးထိန်းထားနိုင်သည့် မြို့ဖြစ်သည့် တကောင်းမြို့ နှင့် မိုင် ၂၀ အကွာရှိ ကြာညှပ်ကျေးရွာသို့ စစ်ကော်မရှင်တပ်များ ရောက်ရှိလာပြီဖြစ်ကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
“၁၅ ရက်လောက်ရှိပြီ သူတို့ တောက်လျှောက်ထိုးလာတာ။ မနေ့က ညနေထိဆိုရင် ကြာညှပ်ထိပေးလိုက်ရပြီ။ သူက တကောင်းကနေ မန်းလေးဘက်ကိုသွားရင် ကြားမှာရှိတဲ့ရွာ။ တကောင်းနဲ့ ကြာညှပ်ကြားမှာဆိုရင် ရွာသုံးရွာလောက်ပဲကျန်တော့မယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ Read more:
https://bur.mizzima.com/2026/02/27/83241