စတုတ္ထတန်းကလပ်ကို ရှုံးပြီး ကာရာဘောင်းဖလား ဒုတိယအဆင့်ကနေ အံ့အားသင့်ဖွယ် ထွက်ခဲ့ရတဲ့ ယူနိုက်တက်

ဂရင့်ဇ်ဘီ ၂-၂ မန်ယူ
(ပယ်နယ်တီ ၁၂-၁၁ ဂိုးဖြင့် ဂရင့်ဇ်ဘီအသင်း အနိုင်ရ)

မန်ချက်စတာယူနိုက်တက်ဟာ စတုတ္ထတန်းက ဂရင့်ဇ်ဘီအသင်းကို ၂-၂ ဂိုးနဲ့ဗုဒ္ဓဟူးနေ့က သရေကျခဲ့ပြီးနောက် မာရသွန်ပယ်နယ်တီ အဆုံးအဖြတ်မှာ ၁၂-၁၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ကာရာဘောင်းဖလား (လိဂ်ဖလား)ပြိုင်ပွဲကနေ အရှက်ရဖွယ် ထွက်ခဲ့ရပါတယ်။

League Two အသင်းဖြစ်တဲ့ ဂရင့်ဇ်ဘီ ဟာ ပွဲချိန် ၁၅ မိနစ်သာ ကျန်တော့ချိန်အထိ ချားလ်စ် ဗာနမ် နဲ့ တိုင်ရယ်လ် ဝါရန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဘရိုင်ယန် အမ်ဘူမို ကတော့ ကလပ်အတွက် သူ့ရဲ့ ပထမဆုံးဂိုးနဲ့အတူ သရဲနီတွေကို မျှော်လင့်ချက် ပြန်ပေးနိုင်ခဲ့ပေမဲ့ ဒီကင်မရွန်းကစားသမားဟာ အဆုံးအဖြတ် ပယ်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေအောက်က ယူနိုက်တက်နည်းပြ ရူဘင် အမ်မိုရင်မ်အပေါ် ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

Comments

Be the first to add a comment