တရုတ်နိုင်ငံ ကမ်းရိုးတန်းရှိ ဒေါ်လာ ဘီလီယံများချီ အကုန်အကျခံ တည်ဆောက်ထားသည့် အီတလီမြို့ ပုံစံတူ "Life in Venice" အိမ်ရာစီမံကိန်းကတော့ လက်ရှိတွင် တိတ်ဆိတ်ခြောက်ကပ်၍ နေ သည်။ ယင်းအိမ်ရာရှိ သောင်းချီသော တိုက်ခန်းအိမ်အများအပြားသည် ကွန်ကရစ်၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်ထားသည့် အခွံလွတ် အဆောက်အအုံများအဖြစ် ရှိနေသည်။
သို့သော် မကြာသေးသည့် နှစ်များအတွင်းမှာတော့ အဆိုပါ ဝေးလံပြီး တစိတ်တဒေသ စွန့်ပစ်ခံထားရသည့် အိမ်ရာဝန်းသည် ဆာဆာ ချန် ကဲ့သို့ ထင်မှတ်မထားသည့် နေထိုင်သူအသစ်တို့ကို ဆွဲဆောင်လာခဲ့သည်။
ချန်သည် တရုတ်နိုင်ငံ၏ စည်ကားသော စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့၌ လစာကောင်းသော ဘဏ္ဍာရေးဆိုင်ရာ အလုပ်အကိုင်တခု လုပ်ကိုင်ခဲ့ဖူးပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ပင်ပန်းနေခဲ့သည့် တရုတ်လူငယ်တဦးလည်း ဖြစ်သည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/03/03/83681#နိုင်ငံစီးပွားရေး
#နှေးကွေးမှုအကြား
#ဈေးပေါသည့်
#တိုက်ခန်းများဘက်
#ခြေဦးလှည့်လာ
#တရုတ်လူငယ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------