အရေးကြီးဆုံး အချက်ကမူ ထို ပိုင်ဆိုင်မှု မှန်သမျှတွင် တခုတလေမှ မိုဂျ်တာဘာ ခါမေနီ၏ နာမည်ရင်းဖြင့် လူသိရှင်ကြား မှတ်ပုံတင်ထားခြင်း မရှိခြင်းပဲ ဖြစ်သည်ဟု သတင်းက ဆိုထားသည်။ ပိုင်ဆိုင်မှုများအား အမည်ခံကုမ္ပဏီများ၊ စိတ်ချယုံကြည်ရသော နာမည်ခံ ကြားလူများနှင့်သာ ထားရှိထားခြင်း ဖြစ်သဖြင့် ၎င်း၏ ပိုင်ဆိုင်မှုများ ဖြစ်ကြောင်း ဥပဒေကြောင်းအရ သက်သေပြရန် ခက်ခဲသည်။
ကြားခံများဖြင့် တည်ဆောက်ထားသော ရှုပ်ထွေးလှသည့် မိုဂျ်တာဘာ၏ ဘဏ္ဍာရေးစနစ်ကို စုံစမ်းစစ်ဆေးသူများက ထောက်ပြထားရာတွင် ထပ်ကာထပ်ကာ ပါလာသည့် နာမည်တခု ရှိသည်။ အလီ အန်ဆာရီ ဆိုသည့် နာမည်ပဲ ဖြစ်သည်။ အလီအန်ဆာရီသည် အီရန်နွယ်ဖွား စီးပွားရေးသမားတဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗြိတိန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ဖြစ်သည်။ ၎င်းအား "အကျင့်ပျက်ခြစားသည့် အီရန်ဘဏ်လုပ်ငန်းရှင်နှင့် စီးပွားရေးသမား" ဟု ဗြိတိန်အာဏာပိုင်များက ဖော်ပြကြပြီး အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် တခြားသော အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းများကို ငွေကြေးထောက်ပံ့နေကြောင်း စွပ်စွဲထားသည်။ Read more:
https://bur.mizzima.com/2026/03/06/83992