လျူ၏ ဖခင် အာသာလျူက သူနှင့် သူ့သမီး နှစ်ဦးလုံး ပစ်မှတ်ထားခံရကြောင်း ၂၀၂၂ မတ်လက AP သတင်းဌာနသို့ ပြောဖူးသည်။ အမေရိကန် အိုလံပစ်နှင့် မသန်စွမ်း အိုလံပစ်ကော်မတီဝင်တဦးဟု ဟန်ဆောင်ထားသူတဦးက ဖုန်းဆက်ပြီး ၎င်းတို့၏ ပတ်စပို့ အချက်အလက်များကို တောင်းလာ၍ သူက ငြင်းဆိုခဲ့ရဖူးသည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုများအရ သူ့ သမီးဖြစ်သူ အလီဆာက တရုတ်တွင် ဝီဂါ လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အင်စတာဂရမ်တွင် ရေးသားခဲ့ခြင်းကို တရုတ်အစိုးရက သိနေ၍ဟု အာသာလျူက ပြောသည်။ ထို့အပြင် ပေကျင်းအိုလံပစ်ပြိုင်ပွဲအတွင်း၌လည်း အမျိုးသားတဦးက အလီဆာကို ချဉ်းကပ်ကာ သူ၏ တိုက်ခန်းသို့ လိုက်ခဲ့ရန် ပြောဆိုခဲ့ဖူးကြောင်း အလီဆာက ဆိုသည်။⁩

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/26/83141

#⁨ရွှေတံဆိပ်ဆုရှင်
#စကိတ်စီးအားကစားမယ်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment