ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး အခြေအနေအမှန်ကို ရှင်းလင်းပြောကြားလာတဲ့ အမ်ဘာပေ

AFP

ရီးယဲလ်မက်ဒရစ်မှာ ဒူးဒဏ်ရာကို မှားယွင်းစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကီလီယန် အမ်ဘာပေက ပယ်ချလိုက်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို ရှင်းလင်းပြောကြားသွားသလို၊ လာမယ့်ခြေစမ်းပွဲတွေမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့လည်း အတည်ပြုသွားခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ဒူးမဟုတ်ဘဲ တခြားတဖက် (ဒူးအမှား) ကို ရီးယဲလ်မက်ဒရစ်က စစ်ဆေးခဲ့မိလို့ ကာလအတန်ကြာ နားခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

“ဒူးအမှားကို စစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေက မမှန်ပါဘူး” လို့ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဖောက်စ်ဘတ်မြို့မှာ ကစားမယ့် ဘရာဇီးနဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ “အခုလို အခြေအနေမျိုး ဖြစ်သွားရတာက ကျွန်တော့်မှာလည်း သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အချိန်မီ ထုတ်ဖော်မပြောတဲ့အခါ ထင်ကြေးအမျိုးမျိုး ပေးစရာ ဖြစ်သွားစေလို့ပါ”

ဒီတပတ်အစောပိုင်းမှာ RMC Sport…

Comments

Be the first to add a comment