ဖားကန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

001

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ (မတ် ၂၈ ရက် ) ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ဖားကန့်ဒေသခံများထံက သိရသည်။

ယမန်‌နေ့ ညနေ ၆ နာရီကျော်ခန့်မှ စ၍ မိုးရွာသွန်းကာ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းဖြစ်ပြီး နာရီဝက်ကျော်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ထိခိုက်ပျက်စီးမှု များတယ်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်ခြေများတယ်။ တချို့ဆို အမိုးတွေ ကျွတ်တာတွေ ဘာတွေတို့ဆိုတာ အိမ်ခြေများတယ်။ မှော်စီစာဘက်ခြမ်းက ကျွန်တော်တို့ လက်လှမ်းမီသလောက်ကတော့ ကုမ္ပဏီအဆောက်အအုံ ဘက်တွေမှာဆိုတော့လေ ဟိုဘက် မှော်ဒေသမှာတော့ ထိခိုက်ပျက်စီးမှုကတော့ နည်းနည်းများတာပေါ့” ဟု ဆိုသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခြင်း၊ ခိုင်ခံ့မှုနည်းသည့် အိမ်များ ပြိုလဲခြင်းနှင့် သွပ်အမိုးများ လွင့်ပါပျက်စီးခြင်း၊ သစ်ပင်များကျိုးကျခြင်း နှင့် ဖားပြင်ဘက်တွင် ဈေးဆိုင်ခန်းများလည်း ပျက်စီးခြင်းများ ရှိခဲ့ကြောင်း သိရသည်။ သို့သော် လူထိခိုက်မှုမရှိဟု…

Comments

Be the first to add a comment