Mizzima
ရုရှားနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေတိုး (NATO) စစ်ဌာနချုပ်အကြီးအကဲ ဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး ပီယဲလ်ဗန်ဒီယေး ဦးဆောင်သည့် အဖွဲ့သည့် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့သို့ ရောက်ရှိလာကြောင်း ယူကရိန်းအဆင့်မြင့်အရာရှိတဦးက တနင်္ဂနွေနေ့တွင် ပြောကြားလိုက် သည်။
"တင်းပြည့်စစ်ပွဲစတင်ပြီးနောက်ပိုင်း နေတိုးစစ်ဌာနချုပ်တခုမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး၊ ယင်းကိုယ်စားလှယ်အဖွဲ့ကို မဟာမိတ်တပ် ပေါင်းစုပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆင့်မြင့်စစ်ဌာနချုပ် (SACT) ၏ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ပီယဲလ်ဗန်ဒီယေးက ဦးဆောင်လာခြင်းဖြစ်ကြောင်း” ယူကရိန်းသမ္မတရုံး ဒုတိယအကြီးအကဲ ပါဗလို ပါလီဆာက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#နေတိုး
#စစ်ဌာနချုပ်အကြီးအကဲ
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment