Mizzima
တရုတ်နိုင်ငံ၏ ထိပ်တန်းရေဒါဖွံ့ဖြိုးရေးစင်တာဖြစ်သော China Electronics Technology Group Corporation (CETC) ၏ သုတေသနဌာနအမှတ် ၁၄ မှ ဝန်ထမ်း သုံးဦးသည် အီရန်သို့ တင်ပို့ထားသည့် ရေဒါစနစ်များကို နည်းပညာပိုင်းအရ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ နည်းပညာရှင်များသည် F-35 ကဲ့သို့သော အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေဒါပစ္စည်းကိရိယာများကို ပြုပြင်ထိန်းသိမ်းသူများဖြစ်ကြသည်။ သေဆုံးသူများ၏ အမည်နှင့် ၎င်းတို့ အီရန်တွင် အချိန်မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်ကို လျှို့ဝှက်ထားဆဲဖြစ်သော်လည်း သေဆုံးသူများအနက် နှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကျန်တဦးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ကြောင်း သတင်းရင်းမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်။
“တရုတ်ကွန်မြူနစ်ပါတီက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အစဉ်တစိုက် လုပ်ဆောင်ပေးနေခဲ့တာပါ။ လက်ရှိ အီရန်မှာ နည်းပညာရှင် ၃၀ လောက်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ သုတေ သနဌာနအမှတ် ၁၄ အပြင် CETC ၏ သုတေသနဌာနအမှတ် ၃၈ နှင့် ၂၂ တို့မှ ဝန်ထမ်းများသည်လည်း အီရန်တွင်…
Comments
Be the first to add a comment