၉ နှစ်တာ အောင်မြင်မှုတွေနဲ့အတူ ဆာလာ ရာသီကုန်မှာ လီဗာပူးလ်ကနေ ထွက်ခွာမည်

AFP

မိုဟာမက်ဆာလာဟာ ဒီရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ အန်ဖီးလ်ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ လီဗာပူးလ်အတွက် ၄၃၅ ပွဲ ကစားပေးခဲ့ပြီး ၂၅၅ ဂိုး သွင်းယူပေးခဲ့တာကြောင့် အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ အီယန်ရပ်ရှ် နဲ့ ရော်ဂျာဟန့် တို့ပြီးရင် တတိယနေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးလ်နဲ့အတူ ၂၀၁၉-၂၀ နဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့သလို၊ ၂၀၁၉ ချန်ပီယံလိဂ်ဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း လေးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကစားသမားဘဝ အောင်မြင်မှုတွေထဲမှာ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ FA ဖလား တကြီမ်စီနဲ့ လိဂ်ဖလား နှစ်ကြိမ်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဒဏ်ရာရရှိနေတဲ့ ဆာလာအနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ် ငါးဂိုးသာ သွင်းယူထားပါတယ်။ ပြီးခဲ့တဲ့ ချန်ပ…

Comments

Be the first to add a comment