Mizzima
အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမကို ၁၀ ရက်ကြာတွင် ပြန်ဖွင့်
ပါခွီး
(မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ ၊မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံ ၊ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်ဖက်သို့သွားသောကုန်သွယ်ရေးလမ်းကို လောင်တလိုင်ခရိုင်တရားသူ ကြီးက နှစ်လပိတ်ရန်အမိန့်ထုတ်ပြန်ခဲ့သော်လည်း ၁၀ရက်မြောက်သည့် ဖေဖော်ဝါရီ၂၅ရက်နေ့တွင် ပြန်လည်ဖွင့်သည့်အမိန့်ထုတ်ပြန် လာသည်။
လောင်တလိုင်မြို့မှ ယာဥ်မောင်းတဦးသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ ကျေးရွာကို ကုန်စည်သွားပို့ရာ ပျောက်ဆုံးခဲ့ပြီး သေဆုံးလျက်ပြန်လည်တွေ့ရှိမှုအပေါ် လောင်တလိုင် ခရိုင်တရားသူကြီးက ဖေဖော်ဝါရီလ၁၆ရက်နေ့မှစ၍ နယ်စပ်ဖြတ်ကျော်သွားလာမှုနှင့် ကုန်စည်ပို့ ဆောင်မှုများကို ပိတ်ပင်သည့်အမိန့်ထုတ်ပြန်ခဲ့သည်။
“ခရိုင်းအတွင်းရှိ နယ်မြေအခြေအနေများ အေးချမ်းတည်ငြိမ်မှုရှိလာပြီဟု ယူဆရသဖြင့် ယခင်က ထုတ်ပြန်ထားသော နယ်စပ်ဂိတ်ပိတ်ဆို့မှုအမိန့်ကို ယနေ့မှစတင်၍ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း” လောင်တလိုင်ခရိုင်တရားသူကြီး ဒွန်နီ လားရွပ်စန်းငါ က အမိန့်ကြေညာစာတွင်ဖော်ပြသည်။
နိုင်ငံတကာနယ်စပ…
Comments
Be the first to add a comment