အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပေးပို့မှု သုံးကြိမ်စလုံးသည် ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းရှိ ယခင်က Puma ခေါ် Myan Oil Terminal လေယာဉ်ဆီသိုလှောင်ရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အတွင်းသိတဦးက Nikkei Asia သို့ ပြောသည်။
Nikkei မှ မြင်တွေ့ခဲ့ရသော ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများအရ ကုန်တင်သင်္ဘော MV Reef က ထိုဆီများကို အီရတ်မှ စတင် တင်ဆောင်လာသည်ဟု လိမ်ထားသည်။ MV Reef သည် လောင်စာဆီ မက်ထရစ်တန်ပေါင်း ၁၈,၃၇၆ တန် (စည်ပေါင်း ၁၄၆,၀၀၀ ခန့်) ကို သယ်ယူပို့ဆောင်နိုင်သည်။
"သူတို့ လေယာဉ်ဆီ ပမာဏအတော်များများ တင်သွင်းထားတယ်။ ပုံမှန်ထက်တောင် ပိုများတယ်။ သူတို့က ဒီအခြေအနေအတွက် အဆင်သင့်ပြင်ထားတာပါ" ဟု အတွင်းသိက ဆိုသည်။
အီရန်သည် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ စစ်ဘက်သုံး ဒရုန်းများကိုလည်း ထောက်ပံ့ပေးနေခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ပြည်တွင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် ယူရီးယားဓာတ်မြေသြဇာများကိုလည်း ပေးပို့ခဲ့သည်။ Read more:
https://bur.mizzima.com/2026/03/09/84419