အိန္ဒိယတွင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများနှင့် ပတ်သက်မှု မရှိဟု ချင်းတပ်ဖွဲ့များတုံ့ပြန်

ပါခွီး

မဇ္ဈိမ ။ ။ အိန္ဒိယနိုင်ငံ၌ အကြမ်းဖက်မှုလုပ်ဆောင်ရန် ပူပေါင်းကြံစည်မှု ၊ မြန်မာနိုင်ငံ ဘက်သို့သွားရောက်ပြီး ဒရုန်းနှင့် စစ်သင်တန်းများပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော ယူကရိန်း၊ အမေရိကန်နိုင်ငံသားများနှင့် ပတ်သက်ခြင်းမရှိကြောင်း ချင်းတပ်ဖွဲ့များက တုံ့ပြန်ပြောဆိုသည်။

အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA) က ယူကရိန်းနိုင်ငံသား သုံးဦးကို လပ်ကနောင်းနှင့် ဒေလီလေဆိပ်များနှင့် အမေရိကန်နိုင်ငံသားတဦးကို ကုလက္ကတားလေဆိပ် တွင် ဖမ်းဆီးခဲ့ပြီး ၎င်းစုစုပေါင်း ခုနစ်ဦးသည် တရားမဝင်လုပ်ဆောင်ချက်များ(ကာကွယ်ရေး) အက်ဥပဒေ(UAPA) ၏ ပုဒ်မ ၁၈အပါအဝင် အခြားသက်ဆိုင်သည့်ပုဒ်မများဖြင့် တရားစွဲဆိုခံနေရကြောင်း အိန္ဒိယန်းအိတ်စပရက် သတင်းစာက မတ်လ ၁၇ ရက်နေ့တွင် ရေးသားသည့်သတင်းအပေါ် တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

“အခု အိန္ဒိယမှာ ဖမ်းဆီးခံထားရတဲ့သူတွေက ကျနော်တို့နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး ၊ ကျနော်တို့ အဖွဲ့ဝင်အဖွဲ့အစည်းတွေဆီကလည်း သူတို့နဲ့ပတ်သက်မှုမရှိဘူးလို့ ပြောကြပါတယ်”…

Comments

Be the first to add a comment