Mizzima
သာစည်တွင် ဗလီကျောင်းနှင့် နေအိမ်များ ဝင်ကာ စစ်အုပ်စု ပေါ်တာဆွဲ
ဓာတု
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗလီကျောင်းနှင့် နေအိမ်များအတွင်းဝင်ကာ စစ်အုပ်စုက တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ မြို့ပေါ်ရပ်ကွက်တခုဖြစ်သည့် အမှတ်(၃) ရပ်ကွက်ရှိ ဗလီအတွင်း ဘုရားဝတ်ပြုနေသူများထဲမှ အမျိုးသားသုံးဦးသည် မတ်လ ပထမပတ် ည ၈ နာရီအချိန်ခန့်က ပေါ်တာဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်ကဆိုသည်။
“အစ္စလာမ် ဥပုသ်လတွေမှာတောင် ညဘက်တွေ ဝင်ဆွဲတာမျိုး ညအချိန်မတော် ၉ နာရီ ၁၀နာရီလောက်ပေါ့။ အရင်တုန်းက အိမ်တွေထဲအထိ ဝင်ဆွဲတာမရှိဘူး ။ အခုဆိုအမှတ် (၃)၊ (၆)၊ (၇) မြို့ပေါ်ရပ်ကွက်တွေက ကလေးတွေလည်း ပါတယ်။ အခုငွေနဲ့ပြန် မရွေးခိုင်းတော့ဘူး။ လူကိုပါ အစဖျောက်သွားတာ ဘယ်တပ်ထဲ ရောက်သွားတယ်ဆိုတာပါ မသိရတော့ဘူးဗျ”ဟု သာစည်မြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ဆိုသည်။
ယခင်နှစ်က ဆိုင်ထိုင်နေသူများနှင့် လမ်းသွား၊ လမ်းလာများကိုသာ ပေါ်တာဆွဲဖမ်းဆီးသော်လည်း ယခုနှစ်တွင် နေအိမ်များအထိ ဝင်ရောက်ပေါ်တာဆွဲနေကြောင်း ဒေသခံများက ဆိုသည်။ ၂၀၂၆ ခုနှစ်အတွင်း ခုနစ်ဦး ပေါ်တာအဆွဲခံထားရပြီး ယင်းမှာ လက်လှမ…
Comments
Be the first to add a comment