Mizzima
လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် နိုင်ကျဉ်း ၃,၀၀၀ ကျော်သာရှိ၊ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းနှင့် ကွဲလွဲနေမှု မေးခွန်းထုတ်ရမည်ဟု PPNM ပြော
ရောင်နီ
မဇ္ဈိမ။ ။စစ်ကော်မရှင်လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော်သာရှိပြီး ထုတ်ပြန်ထားသည့် ကိန်းဂဏန်းဖြင့် ကွဲလွဲနေမှုအပေါ် မေးခွန်းထုတ်ရမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။
အာဏာသိမ်းစစ်ကော်မရှင်က ယမန်နေ့(မတ်လ ၂ ရက်)တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပုဒ်မ ၅၀(ည) နှင့် ၅၂(က) ဖြင့် ပြစ်ဒဏ်ကျသူ ၇,၃၃၇ ဦး၊ အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း ၁၀,၁၆၂ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာထားခြင်း ဖြစ်သည်။
“ စစ်တပ်က ၇,၀၀၀ ကျော်ပြောထားပေမယ့် ၃,၀၀၀ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ၅၂ (က)၊ ၅၀ (ည) ကပ်ခံထားရသူတွေ မလွတ်လာတာမျိုးကိုလည်း တွေ့ရပါတယ်။ တကယ်တော့ စစ်တပ်က အရေအတွက်ကြီးကြီးမားမားနဲ့ လူထုစိတ်ဝင်စားအောင် လုပ်ပေမယ့် တကယ်လက်ရှိ အရှိတရားမှာ နိုင်ငံရေးအကျဉ်းသားတွေကို တကယ်လွှတ်ပေးခဲ့ခြင်းမရှိတာတွေကို တွေ့ရပါတယ်။” ဟု PPNM ဦ…
Comments
Be the first to add a comment