Mizzima
မြန်မာစစ်ဘေးရှောင်များခိုလှုံနေသည့် မီဇိုရမ်တွင် ၆ လအတွင်း ကုဋေ ၃၀၀ ကျော်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
ပါခွီး
မဇ္ဈိမ ။ ။ မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ ခိုလုံလျက်ရှိသည် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၌ ခြောက်လအတွင်း ရူပီးကုဋေ ၃၁၇ ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ကျင်းပနေဆဲဖြစ်သည့် မီဇိုရမ်ပြည်နယ် လွှတ်တော်ဘတ်ဂျက်အစည်းအဝေးတွင် မေးခွန်းများဖြေကြားရာ၌ ပြည်ထဲရေးဝန်ကြီး ကေ - ဆပ်ဒန်ငါ က ယနေ့ (မတ်လ ၁၁ရက်)တွင် ပြောဆိုခြင်း ဖြစ်သည်။
“ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ယနေ့ (မတ် ၁၁ရက်)အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးဖြစ်သော အော်ပရေးရှင်းယေရိခေါ( Opeation Jericho) က ကာလတန်ဖိုး ကုဋေ ၃၁၇ ဒသမ ၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အော်ပရေးရှင်းယေရိခေါ အမည်ဖြင့် ရဲတပ်ဖွဲ့ ၊ အာသံရိုင်ဖယ်စစ် တပ် ၊ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနနှင့် လူငယ်အဖွဲ့အစည်းများပူးပေါင်း၍ ၂၀၂၅ စက်တင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ယင်းမှ ၂၀၂၆ ခုနှစ်မတ်လ…
Comments
Be the first to add a comment