🤩အိမ်အပိုင်လိုချင်လို့ကွာရှင်းမယ့်လင်မယား🤩

အညွှန်းဖတ်ရန်⬇️⬇️
ဇာတ်လမ်းက အိန္ဒိယနိုင်ငံ Indore မြို့က ကပ္ပတိန်နဲ့ ဆော်မီယာတို့ ဇနီးမောင်နှံနှစ်ဦးကို အခြေခံထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ အိမ်ထောင်သည်စုံတွဲလေးဖြစ်ပေမဲ့ ပူးပေါင်းမိသားစု (Joint Family) စနစ်အတိုင်း ဆွေမျိုးတွေနဲ့ အိမ်တစ်အိမ်ထဲမှာ အတူတူနေထိုင်ကြရပါတယ်။ အိမ်မှာက လူတွေများပြီး နေရာကျဉ်းကျဉ်းလေးပဲရှိတာကြောင့် ဇနီးမောင်နှံနှစ်ဦး သီးသန့် Private Space မရကြဘဲ နေ့တိုင်းလိုလို စိတ်အနှောင့်အယှက်ဖြစ်စရာ အလွဲအချော်တွေနဲ့ ကြုံတွေ့နေရပါတယ်။
​ဒါကြောင့် ဆော်မီယာက သူတို့ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်ဖို့ အိမ်မက်မက်လာပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာ အိမ်စျေးနှုန်းတွေက သူတို့တတ်နိုင်တာထက် အဆမတန်ကြီးမားနေတဲ့အခါ အစိုးရက ချပေးတဲ့ သက်သာတဲ့အိမ်ရာစီမံကိန်း (Pradhan Mantri Awas Yojana) ကို လျှောက်ဖို့ ကြိုးစားကြပါတယ်။
​ဒီစီမံကိန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အိမ်ရာရဖို့အတွက် သူတို့နှစ်ယောက်ဟာ "တရားဝင်ကွာရှင်းပြတ်စဲ" ဖို့ လိုအပ်လာပါတယ်။ ဒီနေရာကစလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့အတွက် တကယ်မကွာဘဲ ဟန်ဆောင်ကွာရှင်းဖို့ ကြိုးစားကြရင်းကနေ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင်တွေကြားထဲမှာ မထင်မှတ်ထားတဲ့ အရှုပ်အထုပ်တွေ၊ သဝန်တိုမှုတွေနဲ့ တကယ့်အလွဲအချော်ပြဿနာတွေ တစ်ပွေ့တစ်ပိုက်ကြီး ဖြစ်လာပါတော့တယ်။

ကြည့်ရန်⬇️🔽
https://t.me/c/3256917733/1762

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+FG2J_yxgmIw4NTU1

Comments

Be the first to add a comment