Dark Floors [2008]

ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေ
ဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။

ကံဆိုးချင်တော့ စက်ထဲမှာ
ရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်းပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။

သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။

သူတို့ ၃ယောက်အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့
စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။

ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့်သွားခဲ့ပါတယ်။

ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီး
ခြောက်ကပ်လို့နေတာပေါ့။

သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်းမမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ…….

ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loopလိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ်ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Mugiwara Ya ဖြစ်ပါတယ်)

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsubhorror1/110

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment