Mizzima
အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက် တောင်ပံကစားသမား မာကပ်စ် ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ဇွန်လအထိ သက်တမ်းရှိတဲ့ အငှားနဲ့ ခေါ်ယူမှု သဘောတူညီချက်ကို ချုပ်ဆိုပြီး လစာရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဗီလာက ပေးချေရမှာဖြစ်ပါတယ်။ ဒါကို မန်ချက်စတာယူနိုက်တက်က သဘောတူညီခဲ့တာပါ။
ဒါ့အပြင် ပေါင် ၄၀ သန်းတန်ကြေးနဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းထားပြီး ၎င်းကို စတင်လိုက်တာနဲ့ သုံးနှစ်ခွဲစာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။
ယနေ့ ဗီလာမှာ ရက်ရှ်ဖို့ဒ် ဆေးစစ်ဖို့ရှိပါတယ်။
Comments
Be the first to add a comment