ရဲတပ်ဖွဲ့နဲ့ညီအကိုနှစ်ယောက်ရဲ့ယှဥ်ပြိုင်မှု📺

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gum.r.aah"ဆိုတဲ့
အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ်
ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို
‌တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့
တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ
ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့...

ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

ကြည့်ရန်
🔽🔽
https://t.me/Achityaeasau/1584

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment