မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူဦးရေ စံချိန်တင် မြင့်တက်နေ
မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ စံချိန်တင် များပြားလာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အရသိရပါတယ်။၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး ယခင်ရှိနှင့်ပြီးသား အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာနေတယ်လို့ ဆိုပါတယ်။စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအဝှမ်း လူမျိုးစု လက်နက်ကိုင်အင်အားစုတွေ စုစည်းပြီး စစ်ကောင်စီကို အဘက်ဘက်က ထိုးစစ်ဆင်ရာကနေ စစ်ဘေးရှောင်အများအပြား နေရပ်စွန့်ခွာလာရတာပါ။ အခုခါ စစ်ပြေးဒုက္ခသည်အများစုဟာ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပြီး သောက်သုံးရေ ရှားပါးမှုဒဏ်ကိုပါ ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုများပြားလာကြောင်းလည်း ထောက်ပြထားပါတယ်။မြန်မာနိုင်ငံမှာ မကြာခင် မိုးရာသီကာလ ကျရောက်တော့မှာ ဖြစ်တာကြောင့် ရိက္ခာတွေကို ဖြည့်ဆည်းဖို့ ရန်ပုံငွေ အရေးပေါ်လိုအပ်နေသလို ရန်ပုံငွေရရှိမှု နည်းပါးတာကြောင့် ထောက်ပံ့ရေးအစီအစဉ် အလုပ်မတွင် ဖြစ်နေတယ်လို့ (UNOCHA) က ဧပြီလ ၅ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွက် ဒေါ်လာသန်း ၉၉၀ တောင်းခံထားပေမယ့် လေးရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာမှု အကူညီလိုအပ်နေတဲ့ လူဦးရေ ၃ ဒသမ ၂ သန်းကို ကူညီခဲ့ပေမယ့် ရန်ပုံငွေမလုံလောက်မှုနဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် UNOCHA ရဲ့ နဂိုအစီစဉ်တိုင်း ဆောင်ရွက်နိုင်တာ မရှိခဲ့ဘူးလို့လည်း မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။၂၀၂၃ ခုနှစ်အတွင်းမှာလည်း လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၃၇ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီ က ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှု များကြောင့် ပြည်သူများ အသက်အိုးအိမ် ထိခိုက်နစ်နာမှုများစွာ ရင်ဆိုင်ခံစားနေရတဲ့အပြင် အလှူရှင်များ နည်းပါးလာမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာမှုတို့ကြောင့် စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်း သိရပါတယ်။UNOCHA ရဲ့စာရင်းပြုစုမှုအရ စစ်အာဏာသိမ်းမှုအပြီး နေ့ရပ်စွန့်ခွာရသူဦးရေမှာ ၂ ဒသမ ၅ သန်းကျော်လို့ ဖော်ပြထားပေမယ့်လည်း ဒေသအလိုက် မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၊ ဒေသအခြေစိုက်အဖွဲ့များရဲ့ ထုတ်ဖော်ပြောကြားမှု၊ ထုတ်ပြန်ချက်များအရ UNOCHA ရဲ့ စာရင်းထက် ပိုမိုများပြားနိုင်ကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ အရပ်သား ပြည်သူတွေ အများအပြား သောက်သုံးရေရှားပါးတဲ့ ဒုက္ခကို ရင်ဆိုင်နေရတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။အခုရက်ပိုင်းအတွင်းမှာလည်း ကရင်ပြည်နယ် မြဝတီမြို့တိုက်ပွဲတွေကြောင့် ဧပြီလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ မဲဆောက်မြို့ဘက်သို့ စစ်ဘေးရှောင်ပြည်သူ ထောင်ချီဟာ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဝင်ရောက်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေနဲ့ သတင်းဌာနတွေကဖော်ပြထားပါတယ်။#PoliticalNews #Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12USubscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language
https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV
https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free
https://bit.ly/3U39QDBWebsite :
https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio…