"အပြင်ပန်းတွင် လှုပ်ရှားမှု မရှိသယောင် ထင်ရသော်လည်း ယင်း ရုံးခန်းက အဆင့်မြင့် ဒရုန်းများ အများဆုံး ပို့ဆောင်နေသည့် လမ်းကြောင်း ဖြစ်ကြောင်း၊ ကုန်သွယ်မှု စာရွက်စာတမ်းများအရ Skyhub Technologies သည် တရုတ်မှ ထိုင်းသို့ ဒရုန်းတင်သွင်းသည့် ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်ကြောင်း၊ ထိုင်းသို့ ရောက်ရှိလာသည့် ဒရုန်းအများစုကို ရုရှားသို့ ပြန်လည်တင်ပို့နေသော်လည်း ထိုမှတဆင့် မည်သည့် နေရာသို့ ဆက်သွားသည်ကို မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း ထို ကုန်သွယ်မှုမှာ ဥပဒေကြောင်းအရ လုံးဝ တရားဝင်နေသည့် လုပ်ရပ်ဖြစ်နေကြောင်း" သတင်းက ဖော်ပြသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်း ရုရှားက ထိုင်းထံမှ ဒေါ်လာ ၁၂၅ သန်းဖိုး ဒရုန်းများ တင်သွင်းခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်း ဒရုန်းတင်ပို့မှု၏ ၈၈ ရာခိုင်နှုန်း ဖြစ်ပြီး ယခင်နှစ်ထက် ရှစ်ဆ ပိုများလာခြင်းဖြစ်သည်။ ထို ကာလအတွင်းမှာပင် တရုတ်က ထိုင်းနိုင်ငံဆီ ဒေါ်လာ ၁၈၆ သန်းဖိုးရှိ ဒရုန်းများ တင်ပို့ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82652

#တရုတ်
#ထိုင်း
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment