မြစ်ကြီးနားလေဆိပ် ၃ လကြာ ပိတ်သိမ်း၊ ခရီးသည်တင်လေယာဉ်ပစ်ခတ်သည့် ပေါ်လစီမရှိဟု KIA တုံ့ပြန်
ဂျူချန်း
မဇ္ဈိမ ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကို သုံးလကြာ ယာယီပိတ်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီကျော်တွင် မြစ်ကြီးနားလေဆိပ်၌ ထွက်ခွာရန်ပြင်ဆင်နေသည့် MNA လေ ကြောင်းလိုင်းပိုင် လေယာဉ်တစင်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး လေယာဉ်၏ အမြီးပိုင်း၊ ကိုယ်ထည်နှင့် ခေါင်းပိုင်းတို့ ထိခိုက်ပျက်စီးခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၂၁ ရက်မှ မေလ ၂၀ ရက်နေ့အထိ လေကြောင်းခရီးစဉ်အားလုံးကို (NOTAM) ထုတ်ပြန်ကာ ရပ်နားလိုက်ခြင်းဖြစ်ပြီး ရောင်းချပြီးသား လက်မှတ်ခများကိုလည်း အပြည့်အဝ ပြန်လည်အမ်းပေးနေကြောင်း သိရသည်။
“လေဆိပ်ပိတ်သွားတာ မြစ်ကြီးနားက။ မြစ်ကြီးနားပဲ All flight အားလုံး မထွက်တာပါ။ NOTAM(လေကြောင်းပျံသန်းမှုအပြောင်းအလဲ သတိပေးချက်) စာထုတ်ထားပါတယ်” ဟု မြစ်ကြီးနားလေယာဉ်လက်မှတ်ရောင်သူတဦးက ပြောသည်။ Read more >>
https://bur.mizzima.com/2026/02/21/82661