အီရန်ဦးသျှောင် အယာတိုလာ အလီခါမေနီသည် တီဟီရန်မြို့အား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကာ ၎င်း၏ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ရကြောင်း အစ္စရေးအဆင့်မြင့်အရာရှိများက စနေနေ့ (ဖေဖော်ဝါရီ ၂၈) ညနေပိုင်းတွင် ကြားသိခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုများအတွင်း ခါမေနီ၏ သမီး၊ မြေး၊ ချွေးမနှင့် သမက်တို့လည်း သေဆုံးသွားခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ခါမေနီသည် စနေနေ့တွင် သေဆုံးသွားပြီဟု ယုံကြည်ကြောင်း လူမှုကွန်ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ထရမ့်က ခါမေနီအား "သမိုင်းတလျှောက် အယုတ်မာဆုံးပုဂ္ဂိုလ်များထဲမှ တဦး" ဟု ခေါ်ဆိုလိုက်ပြီး၊ ၎င်းသေဆုံးမှုသည် အီရန်အတွက်သာမက အမေရိကန်များနှင့် ကမ္ဘာ့နိုင်ငံအများအပြားရှိ လူများအတွက် တရားမျှတမှု" ပြန်ရရှိခြင်းဖြစ်သည်ဟု ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83366

#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#အယာတိုလာအလီခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment