ဆော်ဒီအာရေဗျနိုင်ငံ၏ ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်နေသော အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် သမ္မတထရမ့်ကို တိုက်တွန်းလျက်ရှိကြောင်းနှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးသည် အရှေ့အလယ်ပိုင်းဒေသကို တကျော့ပြန် ပုံဖော်ရန်အတွက် "သမိုင်းဝင်အခွင့်အရေး" တခုဖြစ်သည်ဟု ဆိုကြောင်း အမေရိကန်အရာရှိများ၏ ဆွေးနွေးမှုများကို သိရှိထားသူများက ပြောသည်။

အကယ်၍ ပဋိပက္ခမှာ ရေရှည်ကြန့်ကြာသွားပါက အီရန်သည် ဆော်ဒီ၏ ရေနံအခြေခံအဆောက်အအုံများကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာနိုင်ပြီး အမေရိကန်မှာလည်း အဆုံးမရှိသော စစ်ပွဲအတွင်း ပိတ်မိသွားမည်ကို ဆော်ဒီနှင့် အမေရိကန်အစိုးရနှစ်ရပ်လုံးမှ အဆင့်မြင့်အရာရှိအချို့က စိုးရိမ်နေကြသည်။

သမ္မတထရမ့်က စစ်ပွဲကို အရှိန်လျှော့ချလိုသည့် သဘောထားရှိကြောင်း ပြသခဲ့သော်လည်း အိမ်ရှေ့မင်းသား မိုဟာမက်က ထိုသို့လုပ်ဆောင်ခြင်းသည် အမှားတခုဖြစ်လိမ့်မည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း ဆွေးနွေးမှုများကို သိရှိထားသူများက ဆိုသည်။ ထို့ပြင် တီဟီရန်ရှိ အီရန်အစိုးရကို အားနည်းသွားစေရန်အတွက် အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို …

Comments

Be the first to add a comment