Kung Fu Hustle [2004]

Review 🗒

အဲဒီထဲမှာ Stephen Chow စတီဖင်ချောင်က action ထက် dark comedy trend ဘက်ကို လိုက်သွားတယ်။ သူ့ရုပ်ရှင်တွေက ဟာသထက် လှောင်ပြောသရော်တဲ့ဘက်ကို ချပြချင်တဲ့သဘောက ပိုများတယ်။ ဒါပေမယ့် လှောင်တဲ့ဘက်ကို မရောက်ဘဲ ပေါတဲ့ဘက်ကို ရောက်သွားတာလည်း ရှိတယ်။

Stephen Chow ဇတ်ကားတွေမှာ အားလုံးသတိထားမိပြီး မသိသူ မရှိလောက်မယ့် ရုပ်ရှင်ကား ၂ ကားရှိတယ်။ အဲဒါ Shaolin Soccer နဲ့ Kung fu Hustle ပါ။ Stephen Chow ဒါရိုက်တာအဖြစ် တာ၀န်ယူရိုက်ကူးတဲ့ (၇) ကားမြောက် ရုပ်ရှင်ပါ။ သူ့အတွက် Lucky 7 ဖြစ်ခဲ့ပါတယ်။

2001 မှာ Shaolin Soccer မတိုင်ခင် ရှေ့မှာ ကားတွေအများကြီးရိုက်ခဲ့ပေမယ့် နိုင်ငံတကာ သိလောက်တဲ့အထိ မပေါက်ခဲ့ဘူး။ Shaolin Soccer ထွက်အပြီးမှာတော့ အကြီးအကျယ် အောင်မြင်ပြီး Stephen Chow ဆိုပြီး နိုင်ငံတကာက သတိထားမိလာခဲ့တယ်။ လူသိများလာတယ်။

2004 မှာ ထွက်ခဲ့တဲ့ Kungfu Hustle ဟာ ဟောလိဝုဒ်ရော ဥရောပဘက်ထိပါ တစ်ကမ္ဘာလုံးအတိုင်းအတာထိ အကြီးအကျယ် ပေါက်ခဲ့တယ်။ ၀င်ငွေအရလည်း အောင်မြင်ခဲ့သလို နိုင်ငံတကာဆုတွေလည်း အများကြီးရခဲ့တယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုတွေလည်း ရခဲ့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/zzzmovie2/242

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment