Mizzima
အရှေ့အလယ်ပိုင်းဒေသတလွှား အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များသည် တီဟီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၊ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် တိုက်ခိုက်မှုများ ဆက်လုပ်နေကြသည်။
သို့သော်ငြား အဆိုပါအဖွဲ့များသည် ယခုအချိန်အထိ အလုံးစုံ ထိပ်တိုက်ရင်ဆိုင် မီးကုန်ယမ်းကုန်စစ်ပွဲမျိုး ဖြစ်မလာအောင် ထိန်းသိမ်းထားကြသည်ဟု အကဲခတ်များနှင့် ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။
ယင်းကဲ့သို့ အတိုင်းအတာတခုအထိ ထိန်းထိန်းသိမ်းသိမ်းရှိနေခြင်းအရ ၁၂ ရက်ကြာလာပြီဖြစ်သောစစ်ပွဲက ပိုပြီးအရှိန်ပြင်းထန်လာပါက အသုံးပြုရန်အတွက် ထိုလက်နက်ကိုင်အဖွဲ့များကို တီဟီရန်က မဟာဗျူဟာမြောက် အရန်အင်အားအဖြစ် ရှုမြင်ထားပုံရသည်ဟု ညွှန်ပြနေသည်။ သို့သော် တဖက်တွင်လည်း ယင်းသည် အီရန်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု စနစ်များ အက်ကွဲပျက်ပြားနေပြီဆိုသည့် လက္ခဏာတရပ်လည်း ဖြစ်နိုင်သည်။
♦
ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ဒေသတွင်း
#လက်ဝေခံ
#အဖွဲ့များ
#အမေရိကန်
#အစ္စရေး
#အလုံးစုံစစ်ပွဲ
#မဖြစ်အောင်
#ချုပ်တည်းထား…
Comments
Be the first to add a comment