Kakushigoto Movie [2021]

Review 📜

Kakushi ရဲ့အကြောက်ဆုံးအရာကတော့ သူ့အလုပ်ကို သူ့ရဲ့တစ်ဦးတည်းသောချစ်သမီးလေးသိသွားမှာကိုပါ။အဲ့ဒါကြောင့်လဲ “ငါသာ အောက်လုံးတွေပါတဲ့ Manga ရေးတဲ့သူဆိုတာသိသွားရင် ငါ့သမီးလေးငါ့ကိုမုန်းသွားလေမလား” ဆိုတဲ့အကြောက်တရားကအမြဲလွှမ်းမိုးနေခဲ့ပါတယ်။ အဲ့ဒီတော့ သူ့ရဲ့အလုပ်ကို သူ့သမီးလေးမသိသွားစေဖို့ရာ သူ့ရဲ့လက်ထောက်နဲ့အယ်ဒီတာရဲ့ အကူအညီနဲ့နေ့တိုင်းဖုံးကွယ်ရင်းကျော်ဖြတ်ဖို့ ကြိုးစားရပါတော့တယ်။ သူ့သမီးလေးကသူ့ရဲ့အလုပ်ကိုသိသွားမှာလား။သိသွားရင်ရောသူ့‌အ‌ဖေအ‌‌ပေါ်မှာအထင်အမြင်‌သေးသွားမှာလား။

နေမြင်ညပျောက်ဖြစ်နေတဲ့ အခုလိုကာလကြီးမှာမိသားစုကိုအချိန်ပေးပြီးတန်ဖိုးထားကြဖို့လိုပါတယ်။ ဒီကားလေးကလည်းမိသားစုရဲ့အရေးပါပုံနဲ့ သမီး‌လေး Hime အပေါ်ထားတဲ့ Kakushi ရဲ့ချစ်ခြင်းမေတ္တာကိုဖော်ညွှန်းထားတာမို့ အားလုံးကိုကြည့်စေချင်ပါတယ်။ ဒီကားလေးကိုကြည့်ပြီးမိသားစုကိုတန်ဖိုးထားနိုင်ကြပါစေ...


😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/2223

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment