မြင်းခြံခရိုင်တွင် စက်သုံးဆီ ကျပ် ၈,၀၀၀ ဝန်းကျင် အထိဈေးမြင့်တက်

ဓာတု

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ နှင့် နွားထိုးကြီးမြို့များတွင် စက်သုံးဆီဝယ်ယူရ ခက်ခဲနေပြီး ထိုမြို့အနီး ကျေးရွာများတွင် ဆီတလီတာလျှင် ကျပ် ၈,၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း သတင်းရင်းမြစ်များထံက သိရဿည်။

“ရွာမှာဝယ်မရလို့ မြို့ပေါ်တက်ဝယ်တာတောင် ပြတ်ကုန်ပြီ။ ရှိတဲ့ဆီကို အဆမတန်တင် တောင်သာနယ်ဘက်ဆို အရင်က ၂၀,၀၀၀ ကျော်နဲ့ရောင်းနေတာ အဲ့ဒါတွေလည်းပြတ်လို့ မြင်းခြံဘက်သွားတာလည်း လုံးဝ ဝယ်လို့မရတော့ဘူး”ဟုတောင်သာမြို့နယ် ဒေသခံတဦးက ပြောသည်။

မြင်းခြံခရိုင်တွင် စက်သုံးဆီ အမျိုးအစားပေါ်မူတည်ပြီး တလီတာလျှင် ကျပ် ၃,၀၀၀ ကျော်မှ ၄,၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိရာမှ ယခု ကျပ် ၇,၀၀၀ မှ ၈,၀၀၀ အထိ ပေါက်စျေးရှိနေကြောင်းသိရသည်။ စက်သုံးဆီ ဂါလံစျေးမှာ တဂါလံ ၁၈,၀၀၀ ကျပ်မှ ၃၀,၀၀၀ကျပ် ဝန်းကျင်အထိ မြင့်တက်သွားကြောင်း ဒေသခံများက ဆိုသည်။

“ဆီမရှိတော့တာ။ အခုမြင်းခြံတခရိုင်လုံးလိုလို ဈေးက အဆမတန်တင်တာ။ ရှိတဲ့ဆီတွေကို မနေ့ကနဲ့ ဒီနေ့ကိုသောင်းချီတက်တာ(ဂါလံစျေးနှုန်း) ။ ရွာတွေဘက်ဖြစ်တာ မြို့ပေါ်ကဆီဆိုင်တွေက…

Comments

Be the first to add a comment