တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်သည် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် စစ်ဆင်ရေးများအတွက် ကြည်း၊ ရေ၊ လေနှင့် ရော့ကတ် တပ်ဖွဲ့များကို စစ်စည်းရုံးရင်း ထိုင်ဝမ်အနီးဝန်းကျင်၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတခုကို စီစဉ်လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ ကွပ်ကဲမှုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူတဦးက ဧပြီ ၁ ရက်တွင် ပြောသည်။

PLA ရော့ကတ်တပ်ဖွဲ့နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့မှ ထပ်တိုး တပ်ဖွဲ့အစုတို့နှင့်အတူ များမကြာသေးခင်က ထိုင်ဝမ်အနီးဝန်းကျင်၌ လုပ်ဆောင်ခဲ့သည့် အဆိုပါ တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တပ်ဖွဲ့အင်အား အတိုင်းအတာက ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လုပ်ဆောင်ခဲ့သော ယခင် ပူးတွဲ တိုက်ပွဲ အသင့်ရှိမှု ကင်းလှည့်မှုများထက် ကျော်လွန်နေသည့် အချက်ကို ဂရုပြုသင့်သည်။⁩

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/27/54522

Comments

Be the first to add a comment