ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်ကို မိမိ၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသည့် တရုတ်က ထိုင်ဝမ်ခေါင်းဆောင်များ၏ မည်သည့် ပြည်ပခရီးစဉ်ကိုမဆို ပုံမှန်အားဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသော်လည်း၊ ယခု ဝန်ကြီးချုပ် ချိုကို ပစ်မှတ်ထားရာတွင်မူ ထူးထူးခြားခြား ပြင်းထန်သော စကားလုံးများကို အသုံးပြုခဲ့သည်။

"ခင်ဗျားတို့ ပြောတဲ့လူဟာ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေ ရှိထားတာပါ၊ သူဟာ မသမာတဲ့နည်းနဲ့ ခိုးကြောင်ခိုးဝှက်လုပ်ဆောင်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ လှည့်ကွက်လေးတွေနဲ့ ရန်စမှုတွေ လုပ်ဖို့ ဂျပန်ကို သွားတာဖြစ်တယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါ်ကျားကွမ်က ပေကျင်းတွင် သတင်းထောက်များကို ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84504

#ထိုင်ဝမ်
#ဝန်ကြီးချုပ်
#ဘေ့စ်ဘောပွဲ
#ဂျပန်
#ခရီးစဉ်
#တရုတ်
#ပြစ်တင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------

Comments

Be the first to add a comment