နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၂ မေ ၂၀၂၅ )
အမျိုးသားညီညွတ်ရေး အစိုးရ
ပဲခူးတိုင်း၊မင်းလှမြို့နယ် ဟိုင်းယုလမ်းဆုံရှိ တပ်စခန်းအား တိုက်ခိုက်ရန်ချီတက်လာချိန်တွင် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)ထံမှ သိရသည်။
ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်း ဌာနချုပ် အား PDF ၊ KNLA နှင့် ပူးပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေး တပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ကိုအောင်စံရှား၏ ပြောဆိုချက်ကိုကိုးကား၍ လူထုနွေဦးတွင် ဖော်ပြထားသည်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဖြူး-အုတ်တွင်းလမ်းပိုင်းရှိ စစ်ကောင်စီအထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင် ၃၈၀၁၊ တပ်ခွဲ ၅ ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရှုရန် >>
https://bur.mizzima.com/2025/05/12/55614