မတ္တရာနယ် မိုးကြိုးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲရာ နေအိမ် ၄ လုံးပျက်စီး

MTO

မဇ္ဈိမ။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း မိုးကြိုးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားကြောင်း Wetlet Informational Network အဖွဲ့ က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၈ ရက်) ညနေ ၆ နာရီ ဝန်းကျင်အချိန်တွင် စိန်ပန်းကုန်းကျေးရွာအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့ က တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ စိန်ပန်းကုန်းက အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး နောက်ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတော့တာပဲ “ ဟု ဒေသခံ တဦးက ယနေ့(မတ်လ ၁၉ ရက်)တွင် ပြောသည်။

မတ်လ ၁၇ ရက်နေ့ကလည်း စိန်ပန်းကုန်းကျေးရွာမှ စစ်ကော်မရှင်တပ်ဖွဲ့သည် ဧရာ၀တီမြစ်အနောက်ဘက်ကျွန်းပေါ်သို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ နှစ်ဦး သေဆုံးပြီ…

Comments

Be the first to add a comment