တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ တင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်အရှေ့တောဒေသ၊ မောင်မရှောင်ရွာ၊ သရက်ချောင်းမြို့နယ်အောက်ပိုင်း၊ ရေဖြူမြို့နယ် မင်းသားရွာနှင့် အနီးတဝိုက်၊ မြိတ်ခရိုင် ပုလောမြို့နယ် ဆင်ထိုးကြီးရွာနှင့် အနီးတဝိုက်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာနှင့် အနီးတဝိုက်တို့အပြင် မြိတ်- ထားဝယ် ပြည်ထောင်စုကားလမ်းပိုင်း၊ ထားဝယ်- ထီးခီးလမ်းပိုင်းနှင့် တနင်္သာရီ- မောတောင်လမ်းပိုင်းတို့တွင် စစ်ရေးအခြေအနေများ တင်းမာနေခြင်းဟု သိရသည်။ Read more:
https://bur.mizzima.com/2025/04/26/54385