"နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်မယ့်အပြင် အပြန်အလှန် အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်မယ့် မကြုံစဖူး သဘောတူညီချက်တခုကို ရရှိဖို့ သမိုင်းဝင်အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေပါတယ်" ဟု အာရတ်ချီက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ယခုလအစောပိုင်းတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက်ပိုင်း နောက်ဆုံးအကြိမ်အဖြစ် တတိယအကျော့ ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ဂျနီဗာမြို့၌ ကျင်းပရန် ရှိနေသည်။

မည်သည့်တိုက်ခိုက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန်က အကြိမ်ကြိမ် ပြောဆိုထားပြီး အကန့်အသတ်ဖြင့် တိုက်ခိုက်ခြင်းမျိုး ဖြစ်နေစေကာမူ တိုက်ခိုက်မှုမှန်သမျှကို "ကျူးကျော်စော်ကားသည့် လုပ်ရပ်" အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83033

#အမေရိကန်
#သဘောတူညီချက်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment