Mizzima
ဘာစီလိုနာကို ဂိုးပြတ်ရှုံးပေမဲ့ အက်သလက်တီကို စပိန်ဘုရင့်ဖလားဖိုင်နယ်တက်
အက်သလက်တီကိုမက်ဒရစ်ဟာ အင်္ဂါနေ့က စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘာစီလိုနာကို ၃-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ရုန်းကန်ခဲ့ရပေမဲ့ နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဖေဖော်ဝါရီလအစောပိုင်းက ပထမအကျော့မှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နူးကမ့်ကွင်းမှာ ပြန်လာနိုင်လုနီးပါး ဖြစ်ခဲ့ပေမဲ့ ရလဒ်ပိုင်း အနည်းငယ် လိုအပ်သွားခဲ့တာဖြစ်ပါတယ်။
Comments
Be the first to add a comment